မိုနာလီဇာ ပန်းချီအကြောင်းသိကောင်းစရာ
ကမ္ဘာကျော် အီတာလံလူမျိုး ပန်းချီ အနုပညာရှင်လည်းဖြစ် တီထွင်သူလည်း ဖြစ်သူ
လီယိုနာဒိုဒါဗင်ချီ (Leornado Da Ving)က ယခု Louve ပြတိုက်ကြီးမှာ
ပြသထားသော မိုနာလီဇာ (Mona Lisa) ပန်းချီကားအား (၁၅ဝ၃)ခုနှစ်တွင်
အီတာလျှံလူမျိုး ဂုဏ်သရေရှိ လူကြီးတစ်ဦး၏ ဇနီးအား ပုံတူရေးဆွဲခဲ့ရာမှာ
စတင်ခဲ့ပါသည်။ ထိုစဉ်က သူ့အား ယင်းပုံတူ ရေးဆွဲရန် အပ်ခဲ့သူကို ပန်းချီကား
ရေးဆွဲ၍ မပြီးစီးသေးသဖြင့် ရောင်းချမှု မပြုခဲ့ပါ။ (၁၅ဝ၇)ခုနှစ်ကျမှ
ယင်းပန်းချီ ကားကို ပြီးစီးအောင် ရေးဆွဲနိုင်ခဲ့ပါသည်။ (၁၅၁၆) ခုနှစ်
သူပြင်သစ်ပြည်သို့ ရောက်ရှိသည် အထိ မိုနာလီဇာ ပန်းချီကားကို သူမ၏
လက်ထဲမှာပင် သိမ်းဆည်း ထားခဲ့ရာမှ (၁၅၁၆)ခုနှစ် ပတ်ဝန်းကျင်မှ ပြင်သစ်ဘုရင်
ဖရစ်ဆစ်(King FRANCOIS)က သူ့ထံမှ မိုနာလီဇာ ပန်းချီကားအား ဝယ်ယူခဲ့ပေသည်။
ပြင်သစ်ပြည်၏ နန်းတော်များဖြစ်သည့် Amboise, Fontainbleau, Versailles,
နှင့် Tuilleries အသီးသီးတွင် မိုနာလီ ဇာပန်းချီကားအား
တစ်လှည့်စီထားပြသခဲ့ပြီး၊ ပြင်သစ် တော်လှန်ရေး (၁၈) ရာစုနှောင်းပိုင်းတွင်
ပေါ်ပေါက် ခဲ့ပြီးနောက် ပြင်သစ်သက်ဦးဆံပိုင်ဘုရင်စနစ်မှလည်း
ချုပ်ငြိမ်းခဲ့ကာ၊မိုနာလီဇာပန်းချီကားအပါအဝင် အဖိုး
တန်နန်းတွင်းအနုပညာလက်ရာ အားလုံးအစိုးရအဖွဲ့ သစ်၏ ပိုင်ဆိုင်မှုအောက်သို့
ရောက်ရှိခဲ့ရပေသည်။ (၁၇၉၃)ခုနှစ်၌ ပြင်သစ်အစိုးရက Louvre နန်းတော်အား
ပြည်သူ့အတွက် အနုပညာပြတိုက် Public Art Museum အဖြစ် သတ်မှတ်ခဲ့ပြီး၊
ထိုအချိန် (၁၇၉၃)မှစ၍ မိုနာလီဇာပန်းချီကားကို Louvre ပြတိုက်အသစ်တွင်
ထားရှိပြသခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်တော့သည်။ ထိုအချိန် ကစ၍
နာမည်ကျော်ထိုပန်းချီကားမှာ ပြင်သစ်အစိုးရပိုင်အဖြစ် တရားဝင်ထားရှိခဲ့ပြီး
(၁၉၁၁)ခုနှစ်၌ အီတာလျှံလူမျိုးတစ်ဦးက သူ့နေရပ် (အီတလီ)နိုင်ငံသို့
ပြန်ပို့မည်ဟုဆိုကာ ပြတိုက်၏ နံရံမှဖြုတ်၍ ခိုးယူခဲ့ပြီး
(အီတလီ)နိုင်ငံသို့ ခိုးယူသွားခဲ့ပေသည်။ နောက်(၂)နှစ် ကြာမှ
မိုနာလီဇာပန်းချီကားကို ပြန်လည်တွေ့ရှိပြီး (အီတလီ)နိုင်ငံမှ
ပြင်သစ်နိုင်ငူံသကလမန ပြတိုက်သို့ ပြန်လည်ပေးအပ်ခဲ့ပေသည်။
မိုနာလီဇာပန်းချီကားမှာ အထက်ပါအဖြစ်အပျက်မှလွဲ၍ ပြင်သစ်နိုင်ငံ၏ ပြင်ပသို့
နောက်ထပ်(၂)ခါသာ ခရီးထွက်ခဲ့ဖူးရာ (၁၉၆၃)ခုနှစ်က အမေရိကန်ပြည်ထောင်စု (USA)
သို့ တစ်ကြိမ်၊ (၁၉၇၄)ခုနှစ်က ဂျပန်နိုင်ငံသို့ (၁)ကြိမ်
သွားရောက်ပြသခဲ့ရာ တစ်ခဲနက် ပြည်သူလူထုအများ၏ အားပေးကြည့်ရှုမှုကို
ခံခဲ့ရပေသည်။ MONA LISA ပန်းချီကား၏ နောက်နာမည်တစ်မျိုးမှာ LA GIOCONDA
ဖြစ်၏။ The Most Famous Painting in history of Art ဟုကမ္ဘာ့ပန်ချီ
သမိုင်းမှာအကျော်ကြားဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါသည်။(၁၆)ရာစုနှစ်ဆီဆေးလက်ရာ
တစ်ခုဖြစ်၏။ La Gioconda မှာ အီတာလျံအမည်ဖြစ်ပြီး၊ (အီတလီ)နိုင်ငံ
Folorence မြို့မှ ပိုးကုန်သည် Francesco del Giocondo ၏ဇနီး Mona Lisa အား
ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီက ကြည့်၍ ရေးဆွဲခဲ့သည်ဟု ဆိုပါသည်။
(၂ဝဝ၄)ခုနှစ်တွင် ကနေဒါနိုင်ငံ National Research Council က သုံးဘက်မြင်
infrared scan ဖြင့် ပန်းချီကား၏အနုစိတ်လက်ရာများအား လေ့လာမှတ်တမ်းတင်ထား
ခဲ့၏။ ထိုစဉ်ကသုတေသနပြုချက်အရသမားရိုးကျပန်းချီကားထိန်းသိမ်းသည့်အတိုင်းထား
မည်ဆိုပါက မိုနာလီဇာပန်းချီကားမှာ
တစ်စတစ်စပျက်စီးယိုယွင်းလာနိုင်သည်ဟုအတည် ပြုခဲ့ကြ၏။ (၂ဝဝ၅)ခုနှစ်
ဧပြီလတွင်မှာတော့ ပန်းချီကားအား Louvre ပြတိုက်အတွင်း နေရာသစ်သို့
ရွေ့ကာရာသီဥတုအပူအအေးစိုထိုင်းဆ စသည်တို့အား ထိန်းသိမ်းထားနိုင် သည့်
ကျည်ဆံကာမှန်တပ်ထားသည့် နည်းပညာအဆင့်မြင့်အခန်း (Room) တစ်ခုထဲ သို့
ပြောင်းရွေ့ကာ အများပြည်သူများအား ပြသခဲ့ပါသည်။ နှစ်စဉ် လူ(၆)သန်းခန့်
ပါရီမြို့ရှိ Louvre ပြတိုက်သို့ မိုနာလီဇာပန်းချီကားအား
လာရောက်ကြည့်ရှုကြပါသည်။ မိုနာလီဇာပန်းချီကား ကျော်ကြားရခြင်း
အကြောင်းရင်းမှာ သူမ၏ လျှို့ဝှက် enigrratic Smile ကြောင့်ဟု ဆိုကြပါသည်။
Virgin of the Rocks (Another in Louvre) Mona Lisa-1503-1506 Oil on Wood
77 x 53 cm (30 x 20 7/8 in)Louvre, Paris (Muse'e Du Louvre in Paris)
(2003) အနှစ်(၅ဝဝ)မြောက်၊ သူ့ကိုယ်ပိုင်အခန်းသီးသန့် 1. (La Joconde)
ပြင်သစ်နာမည် 2. Lisa Gherardin 3. Mona Lisa 4. La Gioconda ပန်းချီကားအား
နာမည်(၄)မျိုးဖြင့် ခေါ်ဆိုကြ သည်။ Mona Celebrity Profile
Birthday-1503-1506 Birth Place-Florence, Italy Current home-The Louvre,
Paris, France Stats: 20 7/8" x 30", Oil or Poplar wood. Marital status:
Married to Francesco del Giocondo Since 1495 Working on: Being most
celebrated painting in the world. Favorite Singers-Natking Cole Prized
Possessions:-Sfumato Chiaroscuro. My new room Sfurato/ Davinci
နာမည်ကျော်၏တီထွင်မှု မိုနာလီဇာ၏ပါးစပ်နှင့် မျက်စိထောင့်စွန်း(Corners)
များတွင် အလင်းရောင်နှင့် အမှောင် Light + Shade
ကိုတစ်လှည့်စီရောယှက်ရေးဆွဲထားပုံ၊ကြည့်ရှုသူအား
အတွေးသစ်အာရုံသစ်များစေနိုင်သည့် ရေးချက်မှတ်ချက်များ Jean Habert,
Louver's Chief curator of Venetian Paintings "She's Like a Living
Person" တကယ့်သက်ရှိလူလိုပါပဲ။ If was amazing exactly as if She were a
star She is a star who in never die ဘယ်တော့မှ မသေဆုံးနိုင်သည့်
ကြယ်တစ်ပွင့် enigma of her smile ကျော်ကြားရသော အကြောင်းရင်း
သူ့အပြုံးနောက်ကွယ်မှာ ဘာရှိမှန်းမသိ၊ မိမိဘာသာ စဉ်းစဉ်းတွေးတောပြီး
စိတ်ကူးကြည့်ရသည့် ခံစားမှုကို ဖြစ်ပေါ်စေသည်။ Dan Brown ၏ Da Vinau Code
ဝတ္ထုရုပ်ရှင်ကြောင့် လူတွေပိုလာတယ်။ Chiaroscuro ပန်းချီကားတစ်ခုတွင်
အလင်းနှင့်အမှောင်ကို ဖြန်ကြက်မျှတစွာ သုံးစွဲနိုင်မှု (Distribution of
light & Shade in a picture) 1919-Data Painter marcel Duchamp က mona
lisa ပန်းချီကားမှာ နှုတ်ခမ်းမွေးတပ်ခဲ့။ (She has a hot arse) BBC 6 aprl
2003 ဆောင်းပါး Own State of the art exhibitian Space 4.8m euros( f 3.2
m) ကုန်ကျသည့် အခန်းပြင်ဆင်ခ better view mysterious smile butter prolt
glass September 23 2009 နေ့ ပြင်သစ်နိုင်ငံ ပါရီမြို့ Louvre Museum မှာ
ပြသထား တဲ့ ကမ္ဘာကျော် အီတာလျံပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီရဲ့
မိုနာလီဇာ(Louvre Museum) ပန်းချီကား (ပြခန်း ပန်းချီကားနံပါတ် ၃ဝ)ကို
လူတွေအကြားက တိုးဝှေ့ကြည့်ရှု လေ့လာခွင့် ရခဲ့ပါတယ်။
1.
2.
3.
4.
5.
6.
67. - kp3နည်းပညာ 7. 17. 18.
- www.thantzinhtway.blogspot.com
21. 22.32.
-
23.
24.
- Home 25.
- Home 26.
- Home 27.
- Home 28.
- kp3နည်းပညာ 29.
33.
- kp3နည်းပညာ 37. 47. 48.
- kp3နည်းပညာ 52. 63. 64.
No comments:
Post a Comment